၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့
မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်၏ ထုတ်ပြန် ကြေညာချက်
အကူအညီလိုအပ်နေသည့် အိမ်နီးချင်းများ- မြန်မာနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများအား ပြီးပြည့်စုံသည့် အကာအကွယ်များ ပေးအပ်ရန် တောင်းဆိုခြင်း
မြန်မာနိုင်ငံ အာဏာသိမ်းမှုအား ဆန့်ကျင့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြသည့် မေ နှင့် ခင် မောင်နှမသည် ၎င်းတို့ မျက်နှာ ပါဝင်သည့် ဆန့်ကျင် ဆန္ဒပြမှု သတင်း ဓာတ်ပုံများ ပြန့်နှံ့ခဲ့ကြောင်း ကြားသိရပြီး ဆန္ဒပြသူများအား အကြမ်းဖက်မှု ပြုလုပ်လာချိန်တွင် ၎င်းတို့အနေဖြင့် မိမိတို့၏ လုံခြုံရေးကို စိုးရိမ် ခဲ့ကြသည်။ အာဏာသိမ်းမှုကြောင့် ဖခင်၏ ဆိုင်ကယ် ကယ်ရီ ပြေးဆွဲမှု ရပ်နားခဲ့ရခြင်းအပြင် မိမိတို့၏ လုံခြုံရေး စိုးရိမ် ရမှုကြောင့် သက္ကသိုလ် အတန်းပညာနှင့် မိသားစုကို ချန်ထားကာ ထိုင်းနိုင်ငံသို့ သွားရောက် ခိုလှုံ အလုပ်လုပ်ကိုင်ရန် ခက်ခဲသည့် ဆုံးဖြတ်ချက် ချမှတ် ခဲ့ကြသည်။ လက်ရှိတွင် မေနှင့် ခင်သည် တစ်နေ့ (၈) နာရီမှ (၁၀) နာရီ၊ တစ်ပတ်လျှင် (၆) ရက်ဖြင့် စမွတ်ဆာခွန်ရှိ အလုပ်ရုံတစ်ခုတွင် ငါးများအား သန့်စင်ခြင်း၊ အရိုးနွင်ခြင်းများ ကို အခြား လုပ်ဖော်ကိုင်ဖက် (၁၀,၀၀၀) ခန့်ဖြင့် အလုပ်လုပ်ကိုင်နေသည်။ လုပ်ဖော်ကိုင်ဖက် များမှာလည်း မြန်မာနိုင်ငံမှ ရောက်ရှိလာကြသည့် အမျိုးသမီး အများစု ဖြစ်သည်။
တစ်ဉီးချင်း ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် ရောထွေးနေသည့် လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသူများ၏ ခရီးလမ်းသည် ထူးခြားမှုရှိ၏။ ခိုလှုံရန် ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရန် ဖြစ်စေ သို့မဟုတ် အကြောင်းရင်း နှစ်ရပ်လုံးဖြစ်စေ ရောက်ရှိလာသူများ၏ အကြောင်းအရာများသည် စိမ်ခေါ်မှုများနှင့် ရည်မျှော်ချက်များနှင့် ပြည့်နှက်နေသည်။
Regional Center for Social Science and Sustainable Development (RCSD) နှင့် မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက် (MMN) တို့ ပူးပေါင်းကာ အကူအညီလိုအပ်နေသည့် အိမ်နီးချင်းများ- မြန်မာနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲနှင့် ပြပွဲ တစ်ရပ်ကို ယခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်အလုပ်သမားများနေ့ တွင် ချင်းမိုင် သက္ကသိုလ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနား၏ ရည်ရွယ်ချက်မှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာခြင်းအား လူအများ သိစေရန်အပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြရန်နှင့် လူသားချင်း စာနာထောက်ထားသည့် ရှုထောင့်မှ ပြီးပြည့်စုံသည့် အကာအကွယ်များ ပေးအပ်နိုင်ရန် စည်းရုံးလှုံဆော်မှုများ ပြုလုပ်ရန် ဖြစ်သည်။ မြန်မာနိုင်ငံ စစ်မှုထမ်း ဉပဒေသည် မြန်မာနိုင်ငံသားများအား ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်ရန် မည်ကဲ့သို့ တွန်းအားပေးပုံ၊ စစ်အစိုးရ၏ အတင်းအကြပ် ငွေပေးပို့စေမှုနှင့် အခွန်နှစ်ထပ် ထမ်းဆောင်စေခြင်း မူဝါဒများကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများတွင် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ အား MMN မှ မီးမောင်းထိုး တင်ပြခဲ့သည်။
ပဍိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးရာတွင် ချင်းမိုင်သက္ကသိုလ်၊ Political Science and Public Administration ဌာနမှ Dr. Sirada Khemanitthathai က နိုင်ငံရေး ဖိနှိပ်မှုများ၊ စစ်ပွဲများ၊ စီးပွားရေး အကြပ်အတည်းများ၊ လူသားခြင်းစာနာမှုနှင့် ပက်သက်ကည့် အခက်အခဲများ၊ အတင်းအကြပ် စစ်သား စုဆောင်းမှုနှင့် ပညာရေးနှင့် ပတ်သက်သည့် အခက်အခဲများ ပါဝင်သည့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်ခြင်း၏ အရင်းခံ အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့သည်။
MAP Foundation ၏ ညွှန်ကြားရေးမှု Mr Brahm Press မှ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သားများ၏ တည်ငြိမ်မှု မရှိသည့် အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့သည်။ စိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏ အထောက်အထားများ သက်တမ်းတိုးခြင်း ဆောင်ရွက်ရာတွင် မြန်မာသံရုံး၌ ပေးဆောင်ရမည့် အခွန်ငွေအား ပေးဆောင်ရန် မတတ်နိုင်မှုအား တင်ပြခဲ့ပြီး အဆိုပါ အခြေအနေကြောင့် အထောက်အထား မကိုင်ဆောင်နိုင်တော့မည့် အခြေအနေကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။
ရောင်ခြည်ဉီး အလုပ်သမားများအဖွဲ့မှ Ms Eve က မဲဆောက်ရှိ ရွှေ့ပြောင်း လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများကို တင်ပြ ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံသားများ၏ စိတ်အား ထက်သန်မှုများအား အလုပ်ရှင်များက အသုံးချ နေကြောင်း တင်ပြခဲ့သည်။ အလုပ်ရုံ အချို့တွင် အလုပ်ရှင်များက အသစ်ထပ်မံ ရောက်ရှိလာမည့် အလုပ်သမားများ အရန်သင့် ရှိနေခြင်းကြောင့် လုပ်ခလစာများကို တစ်ရက် (၁၅၀) ဘတ်အထိ လျှော့ချသည့်အပြင် မြန်မာနိုင်ငံ အခြေအနေ ပိုမိုဆိုးရွာလာကြောင်းနှင့် အဆိုပါ လုပ်ခ လစာဖြင့် အလုပ်မလုပ် လိုလျင် ချက်ချင်း အလုပ်မှထွက်နိုင်ကြောင်း အလုပ်ရှင်များက အလုပ်သမားများအား ပြောဆိုမှုများ ရှိနေသည်။ Ms Eve မှ အလုပ်သမား တစ်ဉီး ပြေားကြားချက်ကို ကိုးကား၍ “ကျတော်တို့က အလုပ်ပိုလုပ်ပြီး ပိုဆင်းရဲ လာတယ်” ဟု ပြောကြားခဲ့သည်။
Karen Peace Support Network မှ Ms Wahkhushee က စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် အရပ်သားအဆောက်အဉီးများကို ရည်ရွယ် တိုက်ခိုက်ခြင်းကြောင့် သေကြေမှု၊ ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် သောင်းနှင့်ချီသည့် ကရင် လူမျိုးများ နေရပ် စွန့်ခွာရမှု အခြေအနေများကို တင်ပြ ခဲ့သည်။ မဲ့စရီးယန်းရှိ လူထုအခြေပြု အဖွဲ့အစည်း (၇) ဖွဲ့ပူးပေါင်းကာ နယ်စပ် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားသည့်အပြင် မဲဆောက်မှ လူထုအခြေပြုအဖွဲ့အစည်း (၁၁) ဖွဲ့မှလည်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းကာ နေရပ်စွန့်ခွာ ထွက်ပြေးနေသူများအား နယ်စပ်ဖြတ်ကျော်သည့် အကူအညီများ ပေးအပ်နေသည်။
ထိုင်းနိုင်ငံသားဖြစ်ခွင့်နှင့် ထိုင်းနိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် စောင့်ဆိုင်း နေကြသည့် Mr Sai Kaw နှင့် Ms Mai တို့မှလည်း ၎င်းတို့ ကြုံတွေ့ရသည့် ထိုင်းနိုင်ငံအတွင်း နိုင်ငံမဲ့ဖြင့် နေထိုင်နေရသည့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်နေ့ အစိုးရဆုံးဖြတ်ချက်ကြောင့် Sai Kaw နှင့် Mai တို့က ၎င်းတို့၏ လျှောက်လွှာများ အတည်ပြုရန် မျော်လင့်နေကြသော်လည်း တိုးတက်မှု နှေးကွေးလျက် ရှိနေကြောင်း ပြောကြားခဲ့သည်။ Sai Kaw နှင့် Mai တို့က ထိုင်းနိုင်ငံတွင် ကြီးပြင်းလာကြပြီး၊ ထိုင်း အစိုးရကျောင်း တက်ရောက်ခဲ့ကာ၊ ထိုင်းဘာသာစကား ပြောဆိုနိုင်သည့်အပြင် ထိုင်းနိုင်ငံသည် ၎င်းတို့၏ အိမ် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။
ရွှေ့ပြောင်း အလုပ်သမား ဖြစ်စေ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများ ဖြစ်စေ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လာသူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဤဆွေးနွေးပွဲတွင် မီးမောင်းထိုး ဆွေးနွေး တင်ပြ ခဲ့ကြသည်။ ရွှေ့ပြောင်း နေထိုင်သူများ၏ လုံခြုံရေး၊ အထောက်အထား ရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်အခွင့်အရေးများ ပါဝင်သည့် ပြီးပြည့်စုံသော အကာအကွယ်ပေးမှုများအား ထိုင်းနိုင်ငံမှ ပေးအပ်သင့်ကြောင်း ဆွေးနွေးသူများမှ အလေးထား တင်ပြခဲ့ကြသည်။
နောက်ဆုံးအနေဖြင့်၊ လူမှုရေး အသင်းအဖွဲ့များ၊ အတတ်ပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများ အားလုံးပါဝင်သည့် သက်ဆိုင်ရာ အစုအဖွဲ့များ ပူးပေါင်းကာ မြန်မာနိုင်ငံမှ ရောက်ရှိလာကြသည့် ရွှေ့ပြောင်း နေထိုင်သူများ၏ အခွင့်အရေးများကို မြင့်တင်ပေးနိုင်ရန်နှင့် အကာအကွယ်ပေးနိုင်ရန် MMN မှ များစွာ မျှော်လင့်ပါသည်။
အသိပေးခြင်း- မိမိတို့ မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်မှ ချင်းမိုင် သက္ကသိုလ်၊ လူမှုရေး သိပ္ပံဌာန အဆောက်အဉီး မြေညီထပ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ ပြပွဲ ရှိပါသည်။ အဆိုပါ ပြပွဲတွင် ချင်းမိုင်၊ ဖန်င၊ စမွတ်ဆာခွန်နှင့် ဆန်ခလဘူရီမှ မတူညီသည့် လုပ်ငန်းကဏ္ဍများတွင်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အတွေ့အကြုံများကို ခင်းကျဉ်း ပြသထားပါသည်။
မဲခေါင်မြစ်ဝှမ်းဒေသ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကွန်ရက်၏
မဲခေါင်ရွှေ့ပြောင်းသွာြခင်းဆိုင်ရာကွန်ယက် (MMN) ကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများအား ပံ့ပိုးကူညီနေသော NGOများ၊ အခြေခံရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်း များနှင့် သုတေသနအင်စတီကျူးရှင်းများ ပါ၀င်ဆောင် ရွက်လျက်ရှိသော ဒေသဆိုင်ရာကွန်ယက် တစ်ခုဖြစ်သည်။ MMN၏ အဓိကရည်မှန်းချက်သည် မဟာမဲခေါင် ဒေသခွဲ(GMS) အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ၏ လူမှုဖူလုံရေး၊ ကောင်းမွန်စွာနေထိုင်နိုင်ရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ပေးရန်ဖြစ်ပြီး ထိုဒေသခွဲရှိ ရွှေ့ပြောင်းလုပ်သားများနှင့် စည်းရုံးလှုံ့ဆော်သူများအကြား အပြန်အလှန်ထောက်ပံ့မှုနှင့် စည်းလုံးညီ ညွတ်မှုများကို တည်ဆောက်ရန်လည်းဖြစ်သည်။ အဆိုပါရည်မှန်းချက်များ ဖြစ်မြှောက်နိုင်ရေးအတွက် MMN သည် သုတေသန၊ စည်းရုံးလှုံ့ဆော်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မှုများကို ပူးတွဲလုပ်ဆောင်လျက်ရှိသည်။
ဆက်သွယ်ရန်
Ms. Reiko Harima, MMN Regional Coordinator, at reiko@mekongmigration.org (English or Japanese) or WhatsApp +852 93692244; or
Mr. Artid Pabun, MMN Advocacy and Research Coordinator (Thai or English) at: artid@mekongmigration.org or on +66 (0)53283259; or
Mr Brang Aung Ja, MMN Advocacy and Communication Officer (Burmese or English) at brangaungja@mekongmigration.org or on +66 (0)53283259.