Lesson Plans on the History of Migration (2014)

Scroll down for Burmese (မြန်မာဘာသာအတွက် အောက်သို့ဆင်းပါ)

This publication is a set of four lesson plans on the history of migration. Designed for 10 -12 years old children or students who are in 4th or 5th grade of primary school, the lessons aim to create acknowledgement among them that migration is a natural process of humankind and that we live in an interconnected global world. Through fun activities, interactive classroom discussions, and informative presentations, students will learn about the movement of people and the positive influences cultural diversity has upon our way of life.

The lesson plans cover the following four topics: Lesson 1: Features of migration Lesson 2: Migration at the individual and community level Lesson 3: History of migration in the Greater Mekong Subregion Lesson 4: Global history of migration

Each lesson is designed to take one hour. Each plan contains lesson objectives, layouts, and lists of reference materials to be used. They also include detailed breakdowns of each activity, including its steps, time, and teacher instructions.

Click here to download the English version

Click here to download the Thai version

Click here to download the Vietnamese version

Click here to download the Lao version

Click here to download the Burmese version

Click here to download the Khmer version

Click here to download the Japanese version

 

ရွှေ့ပြောင်းနေထိုင်မှုသမိုင်းကြောင်းဆိုင်ရာသင်ခန်းစာများ

အာဆီယံ၏အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည့် “ဒေသတွင်းပေါင်းစည်း နေထိုင်ခြင်းအား တိုးမြှင့်ဆောင် ရွက်ရေး” လူမှုရေးနှင့် စီးပွားရေး ပေါင်းကူမှုများ ကို ၂၀၁၅ ခုနှစ်တွင် ဒေသအတွင်းဦးတည် လုပ်ဆောင်သွားရန်ဖြစ်သည်။ အာဆီယံ၏ဒေသခွဲတစ်ခုအနေဖြင့်၊ မဲခေါင်ဒေသ ရှိနိုင်ငံများသည် ဤရည်ရွယ်ချက်ကို ထည့်သွင်းရန်အတွက် ကျောင်း၏ သင်ရိုးညွှန်း တမ်းကိုပြန်လည်ပြုပြင် ပြောင်းလည်းပြီး မွမ်းမံမှုများပြုလုပ်ခဲ့သည်။ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာကွန်ယက်(MMN) နှင့် မဲခေါင်အိမ်နီးချင်းနိုင်ငံများမှရွှေ့ပြောင်းအလုပ်သမားများအတွက် ဖောင်ဒေးရှင်းတို့မှ ဒေသတွင်းငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လူမှုရေးဆိုင်ရာ ပေါင်းစည်းမှု အရေးကြီးသည် ကို ယုံကြည်သည်။

MMN သည် အတူတကွယှဉ်တွဲနေထိုင်ခြင်း၏အယူအဆကို ရှာဖွေလေ့လာရန်အတွက် “မတူ ကွဲပြားမှုကိုလက်ခံခြင်း” ဆိုသည့် ခေါင်စဉ်ရှိစီမံကိန်းကို မိတ်ဖက်များနှင့် အတူအကွပူးပေါင်း လုပ်ဆောင်လျှက်ရှိပါသည်။ ဤစီမံကိန်းတွင် MMN သည် ရွှေ့ပြောင်းသွားလာခြင်းသမိုင်းကြောင်းနှင့် ပတ်သတ်ပြီး သင်ခန်စားခေါင်းစဉ်လေးခုကို ချမှတ်ခဲ့သည်။ အသက် ၁၀-၁၂နှစ် အရွှယ်ရှိကလေးများ သိုမဟုတ် မူလတန်းရှိ ၄တန်းသို့မဟုတ် ၅တန်းကျောင်းသား/သူ များအတွက်ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ ရွှေ့ပြောင်းသွားလာခြင်းသည်လူ သားများ၏သဘာ၀ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး၊ လူသားများသည် တစ်ဦးနှင့် တစ်ဦးချိတ်ဆက်မှုရှိနေသည်ကို နားလည်လက်ခံရန်အတွက်ရည်ရွယ်ထားသည်။ ပျော်ရွင်စရာလှုပ်ရှား မှုများ၊ အပြန်အလှန်အကျိုးသက်ရောက်သောစာသင်ခန်းဆွေးနွေးမှုများနှင့် သတင်းအချက်အလက် တင်ပြချက်များမှတစ်ဆင့် ကျောင်းသားများသည်လူများ၏လှုပ်ရှားမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာမတူကွဲပြား မှုအပေါ် အပြုသဘောဆောင်သက်ရောက်မှုများအကြောင်းလေ့လာ သင်ကြားသိရှိသွားနိုင်ရန်ဖြစ်သည်။

သင်ခန်းစာ၏ခေါင်းစဉ်များမှာ –
သင်ခန်းစာ (၁) ရွှေ့ပြောင်းသွားလာခြင်းလက္ခဏာများ
သင်ခန်းစာ (၂) တစ်ဦးချင်းနှင့် ရပ်ရွာအဆင့်ရှိ ရွှေ့ပြောင်းသွားလာခြင်း
သင်ခန်းစာ (၃) GMS အတွင်းရှိရွှေ့ပြောင်းသွားလာခြင်းသမိုင်းအကြောင်း
သင်ခန်းစာ (၄) တစ်ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းသွားလာခြင်းသမို်ငးအကြောင်း

သင်ခန်းစာတစ်ခုတွင် စာသင်ချိန် တစ်နာရီကြာမြှင့်မည်ဖြစ်သည်။ သင်ခန်းစာအစီအစဉ်တိုင်းတွင် သင်ခန်းစာ၏ရည်ရွယ်ချက်၊ အပြင်အဆင်၊ နှင့် အသုံးပြုမည့်အရာများအတွက်ရည်ညွှန်းစရင်းစဉ်များ ပါဝင်မည်။ အစီအစဉ်တစ်ခုချင်းစီ၊ အဆင့်တိုင်း နှင့် ဆရာ/မ ညွှန်ကြားချက်များကိုလည်း အသေးစိတ်အပိုင်းအခြားအလိုက် ပါဝင်ထည့်သွင်းထားသည်။ သင်ခန်းစားများ ကို အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ၊ ခမာ၊ လာအို၊ ဗီယက်နမ် နှင့် ဂျပန် ဘာသာများဖြင့်လေ့လာနိုင်ပါသည်။